၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင် ၊ စလင်းမြို့နယ်၊ စလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေ အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် သမြင်ကင်းကျေးရွာ တောင်ဘက်လယ်ကွင်းအနီး ညောင်ပင် အောက်တွင် ဖဲရိုက်လောင်းကစားနေသူများအားတွေ့ရှိ၍ ဖမ်းဆီးအရေးယူခဲ့ကြောင်း သတင်းရရှိပါ သည်။
ဖြစ်စဉ်မှာ သမြင်ကင်းကျေးရွာ တောင်ဘက်လယ်ကွင်းအနီး ညောင်ပင်အောက်တွင် စလင်းမြို့နယ်၊ သမြင်ကင်းရွာနေ ဦးလှထူး(သ)၆၂နှစ်၊ ကညှပ်ကျေးရွာနေ ဦးဖိုးတင့်(သ)၄ဝနှစ်၊ သရက်ခုံရွာနေ ၊ အောင်ကိုမင်း (သ)၂ဝနှစ်နှင့် ကျီးသိုက်ကျေးရွာနေ ကျော်ဇင်လတ်(သ)၃၃နှစ်တို့ (၄)ဦးအား ဖဲရိုက် လောင်းကစားနေသည်ကို တွေ့ရှိရသဖြင့် ရှာဖွေသိမ်းဆည်းရာ ဖဲချပ်(၁ဝ၅)ချပ် နှင့် အတူ လောင်း ကြေးငွေ ၄ဝဝဝိ/- တို့အား သိမ်းဆည်းရမိသဖြင့် ဖဲရိုက်လောင်းကစားပြုလုပ်သူ ဦးလှထူးပါ (၄)ဦးအား စလင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၂ဝ/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၂ (က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment