မင်းလှ ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း ပင်မရေနံ သိုလှောင်ဖြန့်ဖြူးရေးဌာနကြီး (က) အဆင့် ပဌနဂိုရ်နှင့် မင်းလှမြို့နယ် မီးသတ်ဦးစီးဌာန တို့ပူးပေါင်းပြီး မီးဘေးကြိုတင်ကာကွယ်ရေးလက်တွေ့ မီးငြိမ်းသတ်ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၆ ရက်က အဆိုပါ ပင်မ သိုလှောင်ဖြန့်ဖြူးရေးဌာနကြီး(က)အဆင့် ပဌနဂိုရ်၌ သရုပ်ပြ လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ပင်မသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး(က)အဆင့် ပဌနဂိုရ်မှ အထွေထွေ မန်နေဂျာ ဦးတင်မောင်လှိုင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ မီးငြိမ်းသတ်ရေး ပစ္စည်း ကိရိယာများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ မီးဘေးစီမံချက်များရေးဆွဲပြီး မီးဘေးကြိုတင်ကာ ကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊၀န်ထမ်းများက အပတ်စဉ်မီးငြိမ်းသတ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများနှင့် Petroleum Products Handling Process & Safety Procedure များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးကျော်လင်းစိုးက မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပင်မ သိုလှောင်ဖြန့်ဖြူးရေးဌာနကြီး(က)အဆင့် ပဌနဂိုရ်မှဝန်ထမ်းများသည် မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူတွဲ၍ ဆီမီးလောင်မှုကို FOAM TYPE မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ဇာတ်တိုက် လေ့ကျင့်ခြင်း၊အမြုပ်လုပ်မီးသတ်ခေါင်း FOAM MAKING BRANCE ဖြင့် မီးငြိမ်း သတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြငြိမ်းသတ်ခြင်းများလုပ်ဆောင်ခဲ့ ကြသည်။
0 comments:
Post a Comment