မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်တွင် မြို့နယ် စိုက်ပျိုးရေး ဥိးစီးဌာနက ကြီးမှူး၍ အထူး ထွက်တိုး ပုလဲသွယ်စပ်မျိုး နွေစပါး(၅.၀၀)ဧက မျိုးစေ့ကွင်း သရုပ်ပြပွဲကို ရွာတော်အုပ်စု သံပုရာကန်ရွာတွင် ကွင်းအမှတ်(၈၃၉)ရှိ တောင်သူဦးစန်းမြင့်ဦး၏ လယ်မြေတွင် ယမန်နေ့ နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း စိုက်ပျိုးရေးဝန်ထမ်း တစ်ဦထံက သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ် စိုက်ပျိုးရေးဥိးစီးမှူး ဦးသန်းဝင်းက သိပ္ပံ နည်းကျ ပေါင်စနစ်ဖြင့် နွေစပါး ပျိုးထောင်ခြင်း၏ သီးနှံ အထွက်တိုးရေး အားသာချက်များကို တောင်သူများ သဘောပေါက်အောင် ရှင်းလင်းပြောကြားပြီး နည်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကာ စိုက်ပျိုးရေးဝန်ထမ်းများက စုပေါင်း မျိုးစေ့ချ ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တောင်သူများက မရှင်းလင်းသည်များ ပြန်လည်မေးမြန်းရာ တာဝန် ရှိသူများက တောင်သူများ သဘောပေါက် နားလည်အောင် ရှင်းလင်း ပေးခဲ့သည်။ ယင်းအခမ်းအနားသို့ ဒု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ဇော်၊မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ် စိုက်ကြပ် အဖွဲ့ဝင်များ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့်ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
0 comments:
Post a Comment