Saturday, February 28, 2015


စလင်း ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် စွန်ကျွန်းညိုကျေးရွာအုပ်စု ကြယ်စုကျေးရွာတွင် မြစိမ်ရောင်(ငါးကဏ္ဍ) အရင်းမပျောက် မတည်ငွေပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နံနက် (၉)နာရီက အဆိုပါ ကျေးရွာတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းမှ အရင်းမပျောက် မတည်ငွေများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာ စကား ပြောကြားပြီး ၊ ကျေးရွာ မြစိမ်ရောင် (ငါးကဏ္ဍ) ကော်မတီအဖွဲ့ဝင်တစ်ဦးထံ အရင်းမပျောက် မတည်ငွေကျပ်သိန်း (၃၀၀)ကို လွှဲပြောင်ပေးအပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မင်းဘူး ခရိုင်ငါး လုပ်ငန်းဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များနှင့် မြို့နယ်/ကျေးရွာ မြစိမ်ရောင်(ငါးကဏ္ဍ)ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ကြယ်စုကျေးရွာရှိရေလုပ်သားများမှ အရင်းမပျောက် မတည်ငွေများဖြင့် ငါးထုတ်လုပ် ကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာအောင် တိုးချဲ့လုပ်ကိုင်နိုင်တော့မည် ဖြစ်၍ ၀မ်းသာပျော်ရွှင်လျက်ရှိကြောင်း သိရှိရသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video