Sunday, March 1, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် (၀၇း၁၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့၊ အမှတ်(၇) ရပ်ကွက်၊ ကုသိန္နာရုံလမ်းနှင့် တပ်မလမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 
ပခုက္ကူမြို့၊ အမှတ်(၇)ရပ်ကွက်နေသူ မဇာဖြိုးဆွေ(၃၄) နှစ် မောင်းနှင်လာသော ယာဉ်အမှတ် 5F/1352 TOYOTA IPSUM အဖြူရောင်ယာဉ်သည် ၄င်း၏နေအိမ်မှ အမှတ်(၄) ရပ်ကွက်ဘက်သို့ တပ်မလမ်း အတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာပြီး ကုသိန္နာရုံလမ်း ၀ဲဘက်သို့ ချိုးကွေ့စဉ် ကုသိန္နာရုံ လမ်းနှင့် တပ်မလမ်းဆုံဒေါင့်တွင် ဆိုင်ကယ် လေထိုးနေသော ချောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အေးစေတီရပ်နေသူ သန်းဇော်ဦး (၃၃)နှစ်အား ၀င်ရောက်တိုက်မိခဲ့ရာ သန်းဇော်ဦးတွင် ၀ဲဒူးပွန်း ဒဏ်ရာ၊ ခါးပွန်း ဒဏ်ရာ၊ အောက်မေးစေ့ ပွန်းဒဏ်ရာတို့ ရရှိသဖြင့် ယာဉ်အားမဆင်မခြင် မောင်းနှင်သူ မဇာဖြိုးဆွေအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၃၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၇ အရ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိ ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video