၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် (၉) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လယ်သာကျေး ရွာနေသူ မxxxx(၃၅) နှစ်သည် လယ်မကျေးရွာသို့ ငါးရောင်းရန် သွားရောက်ခဲ့ပြီး ပြန်လာခဲ့ရာ လယ်မကျေးရွာနှင့် တစ်မိုင်ခန့်အကွာ တောလမ်း အရောက်တွင် အသင့်စောင်းဆိုင်းနေသော တစ်ရွာတည်းနေ မင်းဇော်(၃၄)နှစ်မှ မxxxxအား ကြူပင်တောထဲသို့ ဆွဲခေါ် ကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားအားထုတ်ခဲ့စဉ် မxxxxမှ အတင်းရုန်းကန်ခဲ့သည့် အတွက် အထမမြောက်၍ မင်းဇော်မှာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသဖြင့် အလိုအတူဘဲ သားမယား အဖြစ်ပြုကျင့်ရန် ကြံစည်သူ မင်းဇော်အား အရေးယူပေးရန် ၂၈.၂.၂၀၁၅ ရက်နေ့ တွင် မxxxxမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် စလင်းမြို့နယ်၊ လင်းဇင်းနယ်မြေရဲစခန်း(ပ) ၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Sunday, March 1, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment