၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လယ် (၂) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ခိုး/ဆိုး/နှိုက်သတင်းစုံစမ်းနေစဉ် မကွေးမြို့၊ မြသလွန်ဘုရား ကုန်းတော်ပေါ်တွင် ရွာသစ်ပွဲကြိုရပ်ကွက်နေသူ ဇင်ကိုဌေး(ခ) နှာခေါင်းကြီး (၁၆) နှစ်အား မသင်္ကာဖွယ် တွေ့ရှိ၍ သက်သေများ နှင့်အတူ ရဲစခန်းသို့ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ဆေးချက်အရ လွန်ခဲ့သော (၃)ရက်ခန့်က မကွေးမြို့၊ သိင်္ဂါဂီရိ ရပ်ကွက်၊ ရတနာလမ်းနေသူ ချန်ထွန်း (၁၂)နှစ် နှင့် မကွေးမြို့၊ ကမ်းနားတဲတိုက်နေသူ ဇော်ခိုင်(၁၄)နှစ် တို့နှင့်အတူ မင်းလှမြို့နယ်၊ ဒဟတ်ပင် ရေနံမှော်အတွင်းရှိ နေအိမ် တစ်အိမ်မှ ရွှေဆွဲကြိုး (၁)ကုံးအား ခိုးယူလာခဲ့ကြောင်း၊ ယင်းဆွဲကြိုး အား မကွေးမြို့၊ မြို့ဟောင်းရပ်ကွက်နေသူ မမျိုးမျိုးကြိုင်(၄၀)နှစ်မှတစ်ဆင့် ၂၆.၂.၂၀၁၅ ရက်နေ့ နံနက်(၁၀) နာရီ အချိန်ခန့်တွင် မကွေးမြို့မဈေး အရှေ့ဘက်ရှိ နန်းတော်ဝင် ရွှေဆိုင်သို့ ၆၁၀၀၀၀ိ/-ဖြင့် ရောင်း ချပေးခဲ့ကြောင်း စစ်ဆေးပေါ် ပေါက်သဖြင့် သက်သေများ နှင့်အတူ နန်းတော်ဝင် ရွှေဆိုင်မှ မမျိုးမျိုးကြိုင် ရောင်းချခဲ့သော ရွှေရည် (၁၅)ပဲရည်၊ အလေးချိန် (၁)ကျပ်သား၊ (၁)ရွေးခန့် (၃)ပွိုင့် သံကွင်းဆက် ရွှေဆွဲကြိုးအား ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး ဇင်ကိုဌေး(ခ) နှာခေါင်းကြီး၊ ချန်ထွန်းနှင့် ဇော်ခိုင် တို့အား မကွေးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၅၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄ အရ အမှုဖွင့် အရေးယူ ဆောင် ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment