Sunday, March 1, 2015


 မြို့သစ်    မတ်လ    ၁
မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဟောပြောပွဲနှင့်လက်တွေ့လေ့ကျင့်သရုပ်ပြပွဲကို မတ်လ(၁) ရက်နေ့  ညနေ (၂း၃၀)နာရီက မြို့သစ်မြို့ စည်ပင်သာ ယာ ဈေးအတွင်း၌ ကျင်းပခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲသို့ မြို့နယ်အုပ်ချုပ်ရေမှူး ဦးဗိုလ်အောင်မောင်မောင်၊  ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးသောင်းတင်နှင့်မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိဦးမင်းနိုင်၊မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်ဦး၊မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များ ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမြို့ပေါ်(၅)ရပ်ကွက်မှ၊အုပ်ချုပ်ရေးမှူးများနှင့်၊ ဈေးသူဈေးသား(၁၀၅၀)ဦး
တက်ရောက်ခဲ့သည်။ ရှေးဦစွာ မီးသတ်ဦးစီးအရာရှိ ဦးသောင်းတင်မှ မီးသတ်ဆေးဘူး သုံးစွဲနည်စနစ်တကျ စေရန် အတွက်သုံးစွဲပုံနည်းများကိုဆွေးနွေးပြသခဲ့ဲ့ပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင် နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲထွဋ် တို့ မှမီးကိုစနစ်တကျ သုံးစွဲ ကြရန် မှာကြားခဲ့သည်။ ထို့နောက်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဈေးအတွင်းရှိဈေးဆိုင်ခေါင်မိုးများပေါ်သို့မီးသတ်မော်တော်ယာဉ် (၂)စီး၊ စည်ပင်ရေသယ်ယာဉ် စီးတို့ဖြင့်ရေများ ပက်ဖျန်း၍ လက်တွေ့လေ့ကျင့်သရုပ်ပြ သခဲ့သည် ။
ထို့နောက်ဈေးအတွင်းမီသတ်မော်တော်ယာဉ်အဝင်/အထွက်လွယ်ကူစေရန်ဈေးအတွင်းလမ်းများ ချဲ့ထွင်ရန်နှင့်ရေဂါလံ(၁၀၀၀၀)ဆန့်ရေလှောင်ကန်နှင့် ရေစင်အားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video