ပွင့်ဖြူ ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် မုန်းမြင့်ကျေးရွာနှင့်အင်းဒေါင်း ကျေးရွာ၌ လျှပ်စစ်မီးရရှိပြီိးဖြစ်၍လျှပ်စစ်မီးအောင်ပွဲအား ဖေဖော်ဝါရီ ၇ ရက်က အင်းဒေါင်းကျေးရွာ ၌ ကျင်းပခဲ့သည်။ မုန်းမြင့်နှင့်အင်းဒေါင်းကျေးရွာ လျှပ်စစ်မီးသုံးစွဲရေးအတွက်(၁၁)ကေဗွီဓါတ်အား လိုင်း(၃.၃)မိုင်၊ (၄၀၀)ဗို့လိုင်း(၂.၃)မိုင်၊ (၃၁၅)ကေဗွီအေထရန်စဖော်မာ(၁)လုံး တည်ဆောက်ခဲ့ပြီး စုစုပေါင်းငွေကျပ် သိန်း(၁၆၀၀) ခန့်ကုန်ကျခဲ့ပြီး လက်ရှိတွင် အိမ်ထောင်စု(၁၈၀) လျှပ်စစ်မီးသုံးစွဲနေ ပြီဖြစ်သည်။
အဆိုပါကျေးရွာများသို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးသာစိုးမှလျှပ်စစ်အန္တရာယ်နှင့် ပတ်သက်၍ ကျေးရွာပြည်သူများအား အသေးစိတ်ရှင်းလင်း ပြော ကြားခဲ့ပြီး မြို့နယ်လျှပ်စစ် အင်ဂျင်နီယာနှင့်ဝန်ထမ်းများမှ ကျေးလက်နေပြည်သူများ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး အတွက်အသိပညာပေးပိုစတာများစိုက်ထူပေးခြင်းနှင့်လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခြင်းများ

ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
0 comments:
Post a Comment