Sunday, March 1, 2015



                      
         ကံမ  မတ်               မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်အတွင်းကံမ-ပြည် မော်တော်ကားလမ်းတလျှောက်ရှိ 
 ကျေးရွာများနှင့်အခြားရေရှားပါးသောကျေးရွာများတွင် သောက်သုံးရေအခက်အခဲမရှိစေရန် မြို့နယ်မှ တာဝန်ရှိသူများနှင့်ပညာရှင်များပူးပေါင်း၍ စက်ရေတွင်းများတူးဖော်ပေးရန် အတွက် ခေတ်မှီ စက်ကိရိယာများဖြင့် မြေအောက်ရေကိုစမ်းသပ်တိုင်းတာရာအနက်ပေ၁၀၀၀ ကျော်သည့်တိုင်အောင်၊ 
 ရေမတွေ့ရှိရသဖြင့်စက်ရေတွင်း တူးဖော်ရန်မှာအခက်အခဲများစွာရှိနိုင်ကြောင်းမိုးရေလှောင်ကန်များ တူးဖော်ပေးခြင်းဖြင့်သာလျှင်အဆိုပါကျေးရွာများ၌ နေထိုင်ကြသော ပြည်သူတို့၏ သောက်သုံးရေရှားပါးသည့်
 ပြဿနာကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတို့က ဆုံးဖြတ်ခဲ့ကြရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစတင်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နိုင်ငံတော်ခွင့်ပြုငွေဖြင့် သစ်မယ်ဇီ၊ဒါန်းကိုင်း၊ဒဂုံကွင်း၊ပြောင်ကျ၊ပယ်ကျ၊ညောင်ကိုင်း၊သက္ကယ်မြောင်၊ထောက်ကြံ့ကွင်း၊သာစည်၊ ဇီးဖြူကွင်း၊ရွာသာလှ၊ဘန့်ဘွေးကျင်း အစရှိသည့်ကျေးရွာ ၁၂ ရွာတို့ တွင် ပေ ၁၀၀ ပတ်လည်၊အနက်
 ၆ ပေ ရှိရေဂါလန် နှစ်သိန်းခန့်ဆံ့သော မိုးရေလှောင်ကန်များကို တူးဖော်ပေးခဲ့သည်။အလားတူ လိန်တုန်းကျေးရွာနှင့် ပေပင်ကျေးရွာတို့၌လည်း မြီု့နယ်စည်ပင်သာယာရေးအဖွဲ့မှ အလှူရှင်များ၏ ကူညီပံ့ပိုးမှုဖြင့်မိုးရေလှောင်ကန်များ တူးဖော်ပေးခဲ့သည်။ ထို့အပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်လည်း မုန်းဒါးကြီးကျေးရွာနှင့်မုန်းဒါးလေးကျေးရွာတို့ တွင်လည်းမိုးရေလှောင်ကန်များတူးဖော်ဆောင်ရွက် ထားရှိပြီးဖြစ်သည်။ မိုးရေလှောင်ကန်များ အစဉ်သဖြင့်သန့်ရှင်းနေစေရေးအတွက် ကျွှဲနွားတိရိစ္ဆာန်များ ၀င်ရောက်နိုင် ခြင်းမရှိစေရန်ခြံစည်းရိုးများကာရံထားရှိပြီးရေသုံးစွဲသူများအနေဖြင့်လည်းလက်နှိပ်တုံကင်များမှ
တဆင့်ခပ်ယူကြရသည်။အဆိုပါမိုးရေလှောင်ကန်များတူးဖော်ထားရှိပေး၍့ ပြည်သူများအနေဖြင့် သန့်ရှင်းသော  သောက်သုံးရေ ရရှိသည့်အပြင် ရေရှားပါးသည့် အခက်အခဲများကိုဖြေရှင်းနိုင်ခဲ့ပြီး ယခုနှစ်နွေရာသီကာလတွင် ရေလုံလောက်မှုအပြည့်အ၀ ရှိနိုင်ကြောင်း ဒေသခံပြည်သူတစ်ဦး ၏ပြောကြားချက် အရသိရသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video