၂၀၁၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ည (၁၁း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ အောင်လံမြို့နယ်၊ စက်ရုံရပ်ကွက်၊ မြတ်လေးလမ်းရှိ ဦးခင်မောင်မြင့် (၆ဝ)နှစ်၏ ဝါကြိတ်စက်ရုံ၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မီးသတ်ကား ၃ စီးတို့ဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အောင်လံမြို့နယ်၊ စက်ရုံရပ်ကွက်၊ မြတ်လေးလမ်းရှိ ဦးခင်မောင်မြင့် (၆ဝ)နှစ်၏ ဝါကြိတ်စက်ရုံတွင် စက်လည်ပတ်ရာမှ မိန်းရှပ်တန်း ပူလီကြိုးမှာ အပူရှိန်လွန်ကဲ၍ ၁..၃.၂၀၁၅ ရက်နေ့ ည (၁၁း၄၅) အချိန်တွင် ဝါဂွမ်းများအား မီးကူးစက်လောင်ကျွမ်းကာ ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့် ည (၁၁း၄၇) အချိန် မီးငြိမ်းသွားခဲ့ပြီး ဝါဂွမ်း (၄) ပိဿာခန့်၊ တန်ဘိုး-၃,၂ဝဝိ/-မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ဆေး သိရှိရသဖြင့် ဦးခင်မောင်မြင့် (၆ဝ)နှစ်အား အောင်လံမြို့နယ်၊ မြို့မရဲစခန်း(ပ)၂၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment