၂၀၁၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့ နံနက် (၉) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး မြို့နယ်၊ စကုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ ၊ လောင်းကစားမှုပပျောက်ရေးအတွက် ရွှေစက်တော်ဘုရားပွဲတော်အတွင်း လှည့်ကင်း ဆောင်ရွက်စဉ် ၊ အောက်သောင်ပြင် လူများသွားလာရာလမ်းပေါ်တွင် အမျိုးသမီးတစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိ၍ သက်သေများနှင့်အတူစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
၎င်းမှာ မကွေးမြို့နယ်၊ သံဘိုလေးကျေးရွာနေ မခင်မိုးဆွေ (၃ဝ) နှစ်ဖြစ်ပြီး ၄င်းကိုင်ဆောင်ထားသော အနီရောင်ပလပ်စတစ်အိတ်အတွင်းမှ ချဲထီဂဏန်းများရေးသားထားသော ဖြတ်ပိုင်းစာအုပ်အသေး (၃)အုပ်၊ ချဲထီအကွက်စာအုပ်(၁)အုပ်၊ ဘောင်ချာ(၁၉)ရွက်၊ ကာဗွန်ဖြတ်ပိုင်း(၂)ရွက်၊ ဘောပင်(၂) ချောင်း ၊ ငွေစက္ကူရောရာ ၇၇,၉ဝဝိ/- အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိသဖြင့် မခင်မိုးဆွေအား မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း (ပ)၃၅/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment