၂၀၁၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့ နံနက် (၈း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ မြို့နယ်၊ လယ်ကိုင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ လယ်ကိုင်းကျေးရွာ၊ ဈေးလမ်းရှိ အဝတ်အထည်ဆိုင်ရှေ့တွင် မင်းဘူးမြို့နယ်၊ စကုမြို့ ၊ ထေရ်ကြီး ရပ်ကွက်နေ မဝင်းကြည် (၄၃)နှစ်မှ ချဲထီလောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိသဖြင့် မဝင်းကြည် အား ရှာဖွေစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
မင်းဘူးမြို့နယ်၊ စကုမြို့၊ ထေရ်ကြီးရပ်ကွက်နေ မဝင်းကြည် (၄၃)နှစ်ထံမှ ချဲထီဂဏန်းများ ရေးသား ထားသော ဖြတ်ပိုင်းစာရွက်/စာအုပ်များ၊ ဘောပင်(၂)ချောင်း၊ အကြွေးစာရင်း စာအုပ်(၁)အုပ်၊ အညိုရောင် ကတ္တီပါ ပိုက်ဆံအိတ် (၁)လုံး၊ ငွေစက္ကူရောရာ ၃၁၉,၂၅ဝိ/- တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသဖြင့် မဝင်းကြည်အား ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေရဲစခန်း (ပ)၄/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment