၂၀၁၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ညနေ (၃း၅၀)အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး မြို့နယ်၊ စကုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်း အမှတ် (၅/၂ဝ၁၅) ဖြင့် သက်သေများနှင့်အတူ မင်းဘူးမြို့နယ်၊ ပေကုန်းကျေးရွာနေ စိုးမြင့်(၆၂)နှစ် ၏ နေအိမ်တွင် လက်တောက်ဇယ်ခုံ လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ သွားရောက် ရှာဖွေဖမ်းဆီး ခဲ့ကြောင်း သတင်းရရှိပါသည်။
ဦးစိုးမြင့်(၆၂)နှစ်နှင့် တစ်ရွာတည်းနေ ပေတူး(ခ) နောင်နောင်(၁၉)နှစ်၊ ဘိုသိန်း၊ (၄ဝ)နှစ်၊ အောင်ကိုဝင်း (၁၉)နှစ်၊ မြမင်းသန်း(၂၃) နှစ် တို့(၅)ဦးအား လောင်းကစားရာတွင်အသုံးပြုသည့် AAA တံဆိပ်ပါ ဖဲချပ် (၉၁)ချပ်၊ HUAWEI G-730 ဆင်းကဒ်(၂)ခုပါ အဖြူ/နက်ကြား ဖုန်း(၁)လုံး၊ HUAWEI Y-511 ဆင်းကဒ် (၁)ခုပါ အဖြူရောင်ဖုန်း(၁)လုံး၊ HEIIO ဆင်းကဒ်(၁)ခုပါ အနက်ရောင် ဖုန်း(၁)လုံး၊ အလျား (၅)ပေ၊ အနံ(၃)ပေ၊ သစ်သားလက်တောက်ဇယ်ခုံ(၁)ခုံနှင့် ငွေစက္ကူရောရာ ၆၉,၃၅ဝိ/- တို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် စိုးမြင့် ပါ (၅) ဦးအား မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း (ပ)၃၆/၂ဝ၁၅ ၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment