ဆော ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဆောမြို့နယ်ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ခွဲတို့ ဖေဖော်ဝါရီ ၂၆ ရက်က ဆောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးတွင်တွေ့ဆုံ၍ လုပ်ငန်းတာဝန်များကို ဆွေးနွေးကြသည်။
ထိုသို့ဆွေးနွေးရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးတင်ဝင်းက အမှာစကားပြောကြား ပြီး အဖွဲ့ခွဲဝင် ဦးခင်မောင်လှိုင်၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးဇေတိုးအောင်တို့က မဲစာရင်းများ တိကျမှန်ကန်
ရေး၊ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးတို့နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ဂန့်ဂေါမြို့။
Monday, March 2, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment