၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင် မြို့နယ်၊ မြိုင်မြို့မရဲစခန်းအရှေ့ဘက် ၁၂ မိုင်ခန့် အကွာရှိ မြိုင်မြို့နယ်၊ ကံကြီးတောကျေးရွာနေ တင်ထွန်းအောင်(၃၅)နှစ်သည် အရက်မူးယစ်လာပြီး နေအိမ်တစ်ဝိုင်းတည်းနေ ယောက္ခမများ ဖြစ်သော ဦးစံထွေး (၇၁)နှစ်နှင့် ဒေါ်သိန်းရင်(၇၁)နှစ်တို့ ၂ ဦးအား (လွန်ခဲ့သော ၄ လခန့်က သမီး ဖြစ်သူအားခေါ်၍ ၊ နေအိမ်မှထွက်သွားသူ) ၎င်း၏ဇနီးဖြစ်သူ မခင်ဌေးဝင်း ထွက်ပြေးတိမ်းရှောင် နေသောနေရာ အား မေးမြန်းခဲ့သည်။
ယောက္ခမများမှမပြောနိုင်၍ အရိုးအသွား(၂)ပေခန့်ရှိ ဓါးရှည်ဖြင့်ခုတ်ရာ ဦးစံထွေးတွင် ဝဲဘက် ဂျိုစောင်းပြတ်ရှဒဏ်ရာ၊ ဝဲဘက်ပါးအရေခွံပဲ့ကျ၊ ဝဲဘက်လက်ညိုးနှင့် လက်ခလယ်ပြတ်သွားသည့် ဒဏ်ရာများ ရရှိခဲ့ပြီး၊ ဒေါ်သိန်းရင်တွင် ဝဲဘက်ပုခုံးပြတ်ရှဒဏ်ရာ၊ ဝဲဘက်လည်ပင်း ပြတ်ရှ ဒဏ်ရာဖြင့် မြေကြီးပေါ်တွင်လဲကျ သေဆုံးသွားစဉ် ဦးစံထွေးနှင့် ဒေါ်သိန်းရင်တို့ နေထိုင်သော (၃)ပင်(၂)ပင်၊ ထန်းလက်မိုး၊ ထန်းလက်ကာမြေစိုက်တဲအားမီးရှို့ခဲ့ရာ ကျေးရွာသူ/သားများ ဝိုင်းဝန်းငြိမ်းသတ်မှု ကြောင့် တဲအပေါ်ပိုင်း မီးလောင်ခဲ့၍ တန်ဘိုး (၅ဝဝိ/-) ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ယောက္ခမများအား ဓါးနှင့်ခုတ်ပြီး နေအိမ်တဲ မီးရှို့သူ တင်ထွန်းအောင် (၃၅)နှစ်အား အရေးယူပေးရန် ၁၁.၁.၂ဝ၁၅ ရက်နေ့တွင် မြိုင်မြို့နယ်၊ ကံကြီးတောရွာနေ သားမက်ဖြစ်သူ ဦးအောင်ပိုင်(၃၅)နှစ်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြိုင်မြို့နယ်၊ မြို့မရဲစခန်း (ပ)၄/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂/၃၂၆/၄၃၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment