မကွေး ဇန်န၀ါရီ ၁၁
ဝန်ထမ်းများ အရည်အချင်းမြင့်မားလာစေရန်နှင့် ရုံးလုပ်ငန်းများအား ပိုမိုလျှင်မြန်သွက်လက်စွာ ဆောင်ရွက် တက်ကြစေရန်ရည်ရွယ်ပြီး မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ က ဦးစီးပြီး ရုံးလုပ်ငန်းစီမံခန့်ခွဲမှုသင်တန်း(၁/၂၀၁၅)ဖွင့်ပွဲကို ယနေ့နံနက်(၉း၀၀)နာရီက မကွေးခရိုင်ပြန်/ဆက် စာကြည့်တိုက်ခန်းမတွင်ပြုလုပ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း တက်ရောက်အမှာစကားပြောကြားပါသည်။ ယင်းနောက် မကွေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်းအား ရှင်းလင်းပြောကြားပါသည်။ မကွေးတိုင်းဒေရုံးလုပ်ငန်းစီမံခန့်ခွဲမှုသင်တန်း(၁/၂၀၁၅) မကွေးတိုင်းဒေသကြီး အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများ၊ အကြီးတန်းစာရေးများ၊ ရုပ်သံကျွမ်းကျင်-၃များ၊ အငယ်တန်းစာရေးများ စုစုပေါင်းသင်တန်းသား(၄၈)ဦးတက်ရောက်ပါသည်။
ယင်းသင်တန်းတွင် နိုင်ငံတော်၏ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ၀န်ကြီးဌာန၏ မူဝါဒနှင့် ဆောင်ရွက်ချက်များ၊ ၀န်ထမ်းစည်းမျဉ်းများ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ၀န်ကြီးဌာန၏ ဥပဒေ နည်းဥပဒေများ၊ စီမံကိန်းရေးဆွဲခြင်း ဆိုင်ရာများ၊ လူထုဟောပြောနည်းများစသည့် သင်ခန်းစာများပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ၁၁.၁.၂၀၁၅ရက်နေ့မှ ၁၇.၁.၂၀၁၅ရက်နေ့ထိ (၇)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
Sunday, January 11, 2015
Subscribe to:
Post Comments (Atom)





0 comments:
Post a Comment