မင်းဘူး ဇန်န၀ါရီ ၈
မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်နေ ဒေါ်တင်ဇာကျော်ဝင်းမှ ၃၁.၁၂.၂၀၁၄ရက်နေ့တွင် မွေးဖွားသည့် လေးမွှာပူးမိန်းကလေးများအတွက် မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေကျပ်(၅)သိန်း တိတိအား ၅.၁.၂၀၁၅ရက်နေ့က မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်ခင်နွဲ့မှ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူးသည် မွေးဖွားပြီး လေးမွှာပူး ကလေးငယ်များ၏ ကလေးငယ်များကျန်းမာရေးအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး ကလေးငယ်များမှာ ကျန်းမာလျက်ရှိကြောင်းသိရသည်။
ခင်မာလာ(မကွေး)
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment