Monday, January 12, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ညောင်ဝိုင်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သရက်-မင်းလှ ကားလမ်း မိုင်တိုင် အမှတ် (၄၇/ဝ) အနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်အား စစ်ဆေးရာ မကွေးမြို့နယ်၊ လျှော်တောရွာနေ အောင်ဇော်ထွန်း၊ (၃ဝ) နှစ်မောင်းနှင် ပြီး နောက်မှ မင်းလှမြို့နယ်၊ ကျောက်ပြောင်းရွာနေ ဦးစိန်မြင့်(၅၁)နှစ် ယာဉ်နောက်လိုက်အဖြစ် လိုက်ပါ လာသော ဇ/xxx ဟီးနိုးအစိမ်းရောင်(ရေသယ်ယာဉ်) သည် ဒဟတ်ပင်မှော်မှ ဂွေးချိုချောင်းသို့အပြန် သရက်-မင်းလှကားလမ်း မိုင်တိုင်အမှတ်(၄၇/ဝ)အနီးတွင် ရှေ့မှဆိုင်ကယ်အားရှောင်တိမ်းစဉ် အရှိန် မထိန်းနိုင်ဘဲ ရေသယ်ယာဉ်မှာ လမ်း၏ယာဘက်သို့ တိမ်းမှောက်ပြီး ယာဉ်မောင်း အောင်ဇော်ထွန်း နှင့် ယာဉ်နောက်လိုက် ဦးစိန်မြင့်တို့တွင် ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။ 

ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်ဇော်ထွန်း(၃၀)နှစ်အား မင်းလှမြို့နယ်၊ မြို့မရဲစခန်း ယာဉ် (ပ) ၂/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇ အရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video