၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ စည်ပင်ခုံကျေးရွာ၊ ငှက်ပျောမြောင်တောင်ရိုး၊ မြောက်ဘက် ကျောတွင် စည်ပင်ခုံကျေးရွာနေ မင်းမင်းခိုင်(၂၉)နှစ် နှင့် တစ်ရွာတည်းနေ ရဲဝင်း (၂၂)နှစ် တို့ (၂)ဦးသည် ၀ါးခုတ်နေစဉ် တစ်ယောက်တစ်ခွန်းစကားများပြီး မင်းမင်းခိုင်မှ အသင့်ပါလာသော အရိုး(၈)လက်မ၊ အသွား (၁၃)လက်မ၊ ဗျက် (၂)လက်မခန့်ရှိ ဓါးဖြင့်ခုတ်ရာ ရဲဝင်း၏ ၀ဲဘက်နဖူးမှ မေးစေ့အထိ (၈)လက်မ ခန့် ပြတ်ရှဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပါတ်သက်၍ မင်းမင်းခိုင် အား ဥပဒေအရအရေးယူပေးပါရန် ရဲဝင်း၏ ဖခင်ဖြစ်သူ ဦးဝင်းဘို (၄၃)နှစ်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့မရဲစခန်း (ပ) ၁၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment