မင်းဘူး ဇန်န၀ါရီ ၆
မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊မကွေးတိုင်းဒေသကြီးကျေးလက်
ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်သောမြစိမ်းရောင်ကျေးရွာစီမံကိန်း(နည်းပြ) ဆင့်ပွားသင်တန်းကို ဇန်န၀ါရီ ၅ ရက်နေ့၊ နံနက် (၈)နာရီက မင်းဘူးခရိုင်၊ ကျေးလက်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအတွင်းရှိ မြစိမ်းရောင်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့နယ်ဦးစီးမှူးများနှင့် တာဝန်ခံဝန်ထမ်းစုစုပေါင်းမြို့နယ်(၂၄)မြို့နယ်မှ သင်တန်းသား(၄၈)ဦးတို့အား တိုင်းဒေသကြီးဦးစီးဌာနမှူး ညွှန်ကြားရေးမှူးဦးကျော်ဆွေ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ငါးလုပ်ငန်းဦးစီးဌာနတိုင်းဦးစီး တို့မှမြစိမ်းရောင်ကျေးရွာစီမံကိန်းအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးရှင်းလင်းဆွေးနွေးခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်တွင်မြစိမ်းရောင်ကျေးရွာစီမံကိန်းအား မြို့နယ်(၂၄)မြို့နယ်၊ ကျေးရွာပေါင်း(၁၁၀)ရွာတွင်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်
ရှိကြောင်းသိရှိရသည်။
Wednesday, January 7, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment