ပွင့်ဖြူ ဇန်န၀ါရီ ၎
(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ကိုင်းကျေးရွာ အုပ်စု ၊လယ်ကိုင်း -ရွာသစ်ကုန်း- လယ် ဇွဲ ကျေးရွာချင်းဆက် လမ်းဖွင့်ပွဲကို ဇန်န၀ါရီ ၃ ရက်နေ့ နံနက် ၉ နာရီ တွင် ကျင်းပ ပြုလုပ်သည်။
ယခုဖွင့်လှစ်သောလမ်းသည် တိုင်းဒေသကြီး အစိုရအဖွဲ့ ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဖောက်လုပ်ခြင်းဖြစ်ပြီး လမ်းအမျိုးအစားမှာ မြေနီကျောက်စရစ်ခင်း ၊ လမ်းအရှည် (၁)မိုင် ၊ (၃.၂) ဖာလုံ ၊(၁၂)ပေ ဖြစ်ပြီး ကုန်ကျငွေ (၁၂ )သန်းဖြင့် ဆောင်ရွက်ခဲ့သည်။
ဖွင်ပွဲအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ၊ မြို့နယ်စည်ပင်သာယာရေးဥက္ကဌ ဦးထွန်းထွန်း ၊အမှု့ဆောင်အရာရှိ ဦးမျိုးဝင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ က အမှာစကားပြောကြားပြီး အမှုဆောင်အရာရှိ ဦးမျိုးဝင်း က လမ်းဖောက်လုပ်ရခြင်း အားရှင်းလင်းကာ ဒေသခံ များ ကိုယ်စား ဦးစိန်ထွန်းအောင် က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်အတွင်း ကျေးလက်ဖွံ့ဖြိုးရေး (၄)လမ်း ၊တံတား(၁)စင်း အား မြို့နယ်စည်ပင်သာယာရေး အဖွဲ့ နှင့် ဒေသဆိုင်ရာအဖွဲ့အစည်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment