နတ်မောက် ဇန်နဝါရီ ၆
နတ်မောက်မြို့နယ်တွင် အရန်သားဖွားဆရာမ (အသစ်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၆ ရက်နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာမျိုးမင်းက ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းမှ သင်တန်းသူ (၁၇)ယောက်အား စာတွေ့နှင့် ကျေးလက်ကျန်းမာရေးဌာနတို့တွင် လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၆)လခန့် ကြာမြင့်မည်ဖြစ်ကြောင်းနှင့် မိခင်သေနှုန်းကျဆင်းရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။
Wednesday, January 7, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment