Tuesday, January 13, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ဂွေးပင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စမ်းစုကျေးရွာအနီး ကားလမ်း မပေါ် ၌ ဆိုင်ကယ်ပေါ်မှပြုတ်ကျ၍ အမျိုးသမီးတစ်ဦး ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့ဆေးရုံ တွင်ရောက်ရှိ သေဆုံးနေကြောင်း ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ ဖုန်းဖြင့် အကြောင်းကြားချက်အရ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ နေ့လယ် ၂ နာရီခွဲအချိန်ခန့်တွင် ဂွေးချို-ရေနံချောင်း ကားလမ်း၊ မိုင်တိုင်အမှတ် ၃၈၂/၂ နှင့် ၃၈၂/၃ အကြားတွင် ဂွေးချိုကျေးရွာဘက်မှ ရေနံချောင်းမြို့ဘက်သို့ ကျောက်ပန်းတောင်း မြို့နယ်၊ ဖုန်သာရွာသစ်ကျေးရွာနေသူ သန်းထွန်း(၃၈) နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ မခင်မာချို(၃၈)နှစ် လိုက်ပါစီးနင်းလာသော ၂၇ယ/xxxxx ကန်ဘို ၁၂၅ အနက်ရောင်ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ ကားလမ်းပေါ်ရှိ ချိုင့်ခွက်အတွင်းသို့ကျ၍နောက်မှ ဆိုင်ကယ်ပေါ်လိုက်ပါလာသူ မခင်မာချိုမှာ ပြုတ်ကျပြီး ၀ဲနဖူးပွန်းပဲ့ဒဏ်ရာ၊ ၀ဲပါးပွန်းပဲ့ဒဏ်ရာ၊ ယာနားသွေးထွက်ဒဏ်ရာ၊ အပေါ် သွား(၁)ချောင်းကျိုး၊ နှုတ်ခမ်းဖူးရောင်ပေါက်ပြဲဒဏ်ရာများ ရရှိကာ သေဆုံးခဲ့သည်ကို စစ်ဆေးတွေ့ ရှိရကြောင်း သိရှိရပါသည်။
 ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ သန်းထွန်းအား ချောက်မြို့နယ်၊ ဂွေးပင် နယ်မြေရဲစခန်း ယာဉ်(ပ) ၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video