Tuesday, January 13, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ တောင်စုံကျေးရွာအုပ်စု၊ ယာကြီးပြင်ကျေးရွာ အနောက်ဘက် (၁)ဖာလုံခန့် အကွာရှိ ဦးလွမ်းဝေ + ဒေါ်တူးတို့၏ (၃)ပင်ပတ်လည်၊ ထန်းလက်မိုး၊ ထန်းလက်ကာ၊ မြေစိုက်တဲ တွင် မိဘများမရှိခိုက် သားဖြစ်သူ အောင်ဆန်းဦး(၆)နှစ်မှ ထန်းပင်မြစ်အား မီးဖုတ်စားရန် မီးမွှေးရာမှ မြေစိုက်တဲအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး (၅၀၀၀ိ/)ခန့် နှင့် မြေစိုက်တဲ အတွင်း စောင်ပုခတ်ဖြင့် အိပ်နေသည့် အောင်ဆန်းဦး၏ ညီမဖြစ်သူ အသက်(၇)လအရွယ် မသဇင်ခိုင် မှာ မီးလောင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။
 ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုသူ အောင်ဆန်းဦး အား အရေးယူပေးပါရန် တောင်စုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပေါမြိုင် (၆၃)နှစ်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်း (ပ) ၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅/၃၀၄-က အရ အရေးယူ ဆောင်ရွက်မှု ဖြစ်ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video