ပွင့်ဖြူ ဇန်န၀ါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်တွင် ပြည်သူဗဟိုပြု ရဲလုပ်ငန်းဆိုင်ရာများ ဆွေးနွေးပွဲကို ပွင့်ဖြူမြို့မ ရဲစခန်း ၊ စခန်းမှူးရုံးခန်းတွင် ဇန်န၀ါရီလ(၁၁)ရက်နေ့ နံနက် (၉း၃၀)နာရီအချိန်ကကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဆန်းမြင့်နှင့် ရဲစခန်းမှူး ဒုတိယရဲမှူး ပန်စိုးတို့က မြို့နယ်အတွင်း မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးတို့အတွက် ရဲတပ်ဖွဲများကဆောင်ရွက်နေမှုများနှင့် ၂၀၁၄-ခုနှစ်အတွင်း မှုခင်းဖြစ်ပွားခဲ့မှုများအား ဆွေးနွေး ဟောပြောတင်ပြ၍ တက်ရောက်လာကြသော မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊၊လူမှုရေးအသင်းအဖွဲ့တို့က ရပ်ကွက်ကျေးရွာများတွင် မှုခင်းကျဆင်းရေး ဟောပြောပွဲများ၊ ဆွေးနွေးမှုများပြုလုပ်ပေးရန်နှင့် ရပ်ကွက်/ကျေးရွာ တရားဥပဒေစိုးမိုးရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးတို့ အတွက် ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။
အောင်သူရ(ပွင့်ဖြူ)
Tuesday, January 13, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment