Sunday, December 28, 2014

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် ည ၉နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ ချောက်မြို့နယ်၊ ချောက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အမှတ် (၁၅)မြေနီကုန်း ရပ်နေသူ မောင်စန်း၊ ၆၅ နှစ် ၊ (ဖ) ၏နေအိမ်တွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းအရ ပြည့်တန်ဆာဖမ်းဝရမ်း အမိန့်အမှတ် (၁၆/၂၀၁၄)ဖြင့် သွားရောက် ရှာဖွေရာ ၄င်းနေအိမ်၌ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင် နေသည်ကို မတွေ့ရှိရ သော် လည်း ပြည့်တန် ဆာကျော်ဇော သတင်းရှိသူ ညောင်ဦးမြို့၊ အရှေ့ဈေးတန်းရပ်နေသူ မလှလှဝင်း၊ ၂၉နှစ်၊ (ဖ)ဦးသန်းထွန်း အား တွေ့ရှိရကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည့်တန်ဆာလုပ်ငန်းဖြင့် ရှာဖွေရရှိသော စီးပွားကိုမှီ၍ အသက်မွေး ၀မ်းကြောင်း ပြုသည်ဟု ကျော်ဇောသတင်းရှိသူ မောင်စန်း အား ချောက်မြို့ နယ်၊ ချောက်မြို့မရဲစခန်း (ပ)၂၂၀/၂၀၁၄၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေပုဒ်မ ၇(၁)(ဂ) အရ လည်းကောင်း၊ ပြည့် တန်ဆာ ကျော်ဇောသတင်းရှိသူ မလှလှဝင်း အား ချောက်မြို့မရဲစခန်း (ပ)၂၂၁/၂၀၁၄၊ ပြည့်တန်ဆာ နှိပ် ကွပ်ရေး အက် ဥပဒေ ပုဒ်မ ၇(၁)(က) အရလည်းကောင်း အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video