Sunday, December 28, 2014

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်နေသူ မောင်ထန်ဗွေ၊ ၉နှစ်၊ (၃)တန်းကျောင်းသား၊ (ဖ)ဦးချာသုံ သည် တစ်ရပ်ကွက်တည်းနေ သူငယ်ချင်းဖြစ်သူ မောင်ခွာထုံ၊ ၁၁နှစ်၊ (ဖ)ဦးထောင်စထန်းနှင့် အတူ မြစ်သာမြစ်ရှိ မြောက်ကုန်းရေချိုးဆိပ်သို့ရေးဆင်းချိုးရာ ရေစီးသန်သဖြင့်  ရေထဲမျောပါသွားကြောင်း   မောင်ခွာထုံ၏ ပြန်လည်ပြောပြချက်အရသိရှိရ၍ မြစ်ကြောင်းတစ်လျှောက် လိုက်လံရှာဖွေ ခဲ့ရာ သေဆုံး သူ မောင်ထန်ဗွေ၏ အလောင်းအား ရေချိုးဆိပ်နှင့် ကိုက် ၂၀၀ အကွာရှိ ကိုင်းချုံပုတ် အကြားတွင် တစ်စောင်းအနေအထား ကိုယ်တုံးလုံးဖြင့် သေဆုံးနေသည်ကို ဦးလေးဖြစ်သူ ဦးထယ်မာမှ တွေ့ရှိရကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှစစ်ဆေးရာ ပြင်ပဒဏ်ရာမရှိ၊ နှုတ်ခမ်းပြာ၊ ၀မ်းဗိုက်ဖောင်း လက္ခဏာ များဖြင့် တွေ့ရှိရ၍ သေဆုံးသူ မောင်ထန်ဗွေမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် အတွက် ဂန့်ဂေါမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၄)အရ ရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video