Monday, August 12, 2019

မကွေး၊ သြဂုတ်လ ၁၀ ရက်
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီခန့်ထိ မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော် ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီး ဦးသိန်းဌေးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား မှုခင်းလျော့နည်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်း ကျဆင်းရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ ပြစ်မှု/ပြစ်ဒဏ်များအကြောင်း ရှင်းလင်းခြင်း၊ မိမိပတ်ဝန်းကျင်တွင် မှုခင်းဖြစ်ပွားပါက နီးစပ်ရာရဲစခန်းသို့ ချက်ချင်းသတင်းပို့ တိုင်ကြားရန်တို့အား အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video