Monday, August 12, 2019

မကွေး၊ သြဂုတ်လ ၁၀ ရက်
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ ညနေ ၄ နာရီမှ ၅ နာရီခွဲခန့်ထိ ဆင်ပေါင်ဝဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးလှိုင် ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ရွာသစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ပြည့်သျှံဘော်ဒါမှ ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မှုခင်းလျော့နည်းကျဆင်းရေး အသိ ပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေ့လည် ၁ နာရီမှ ၂ နာရီခွဲခန့်ထိ မင်းတုန်းမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်လွင်ဖြိုး ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ပေါက်ကိုင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် ကျေးရွာသူ/ကျေးရွာ သားများအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊  မှုခင်း လျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းများနှင့် ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video