Monday, August 12, 2019

မကွေး၊ သြဂုတ်လ ၁၁ ရက်
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီခန့်ထိ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနယ်မြေရဲစခန်းမှူး ရဲအုပ်  စည်သူဝင်း၊ ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ရဲတပ်ကြပ်ကြီး ဇင်မင်းထိုက်တို့ ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ကန်တော်အုပ်စု ကန်တော်ရွာနှင့် ညောင်ပင် ရွာကြားရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာနွယ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကန်တော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချင်းနှင့် ကျေးရွာသူ/ကျေးရွာသားများအား မှုခင်းလျော့နည်းကျဆင်းရေး၊ သက်ငယ် မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နေ့လည် ၁ နာရီခွဲမှ ၂ နာရီခွဲခန့်ထိ စလင်းမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းဇော် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် စလင်းမြို့နယ်၊ မြေမိကုန်းရပ်ကွက် ဓမ္မာရုံတွင် အုပ်ချုပ်ရေးမှူး ဦးဝင်းထွေး နှင့် ကျေးရွာသူ/ကျေးရွာသားများအား ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊  မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေ့လည် ၁ နာရီခွဲမှ ၃ နာရီခွဲခန့်ထိ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းနယ်မြေရဲစခန်းမှူး ရဲအုပ် ကြည်လင်းထင် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် သာဂရကျေးရွာ အလယ်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မော်မော်လွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးရေးနှင့် ရပ်မိ/ရပ်ဖများအား ယာဉ် စည်းကမ်း/လမ်းစည်းကမ်း၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မှုခင်းလျော့နည်းကျဆင်း ရေး အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နေ့လည် ၂ နာရီခွဲမှ ၃ နာရီခွဲခန့်ထိ မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်းမှူး ရဲအုပ် သိန်းဟန်မိုး ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ကံကုလားကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် ကျေးရွာအုပ်ချုပ် ရေးမှူး ဦးစိုးခိုင်နှင့် ကျေးရွာသူ/ကျေးရွာသားများအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နေ့လည် ၂ နာရီခွဲမှ ၄ နာရီခွဲခန့်ထိ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေရဲစခန်းမှ ဒုရဲအုပ် တင့်ထွန်းနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ရွှေလှေကျေးရွာအုပ်စု၊ ရိုးကုန်းကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် ရွှေလှေကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကြည်စိန်၊ ရိုးကုန်းရွာခွဲတာဝန်ခံ ဦးသိန်းနိုင်နှင့် ကျေးရွာသူ/ ကျေးရွာသားများအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း၊ သက်ငယ် မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေး ဟောပြောခြင်းနှင့် ပြစ်မှု/ပြစ်ဒဏ်များ အကြောင်း ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video