မကွေး၊ သြဂုတ်လ ၁၀ ရက်
၂၀၁၉
ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီခန့်ထိ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး
ဒုရဲမှူးကြီး ဥာဏ်ဝင်း၊ မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ခင်မောင်ကျော်တို့ ဦးဆောင်သောတပ်ဖွဲ့ဝင်
များသည် မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာရှိ ''ရွက်စွာယ်တော်မြိုင်"
ဘိုးဘွားရိပ်သာဓမ္မာရုံတွင် လက်ယက်မကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဌေးနှင့်
ကျေးရွာသူ/ကျေးရွာသားများအား မူးယစ် ဆေးဝါးအကြောင်း သိကောင်းစရာများနှင့်
ပြစ်မှု/ပြစ်ဒဏ်များ၊ မုဒိမ်းမှုဖြစ်ပွားရခြင်း အကြောင်း အရာများအား
ပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေ့လည် ၁၂ နာရီမှ ၂ နာရီခန့်ထိ မြိုင်မြို့မရဲစခန်းမှ
ဒုရဲအုပ် ဇော်မင်းထွေး ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် မကျီးစုအခြေခံပညာအထက်တန်းကျောင်းတွင်
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်နိုင်၊ ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်နှင့် ဆရာ/ဆရာမများ၊
ကျောင်းသား/ကျောင်းသူ များအား မှုခင်းလျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊
သက်ငယ် မုဒိမ်းမှု မဖြစ်ပွားစေရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများနှင့်
ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။






0 comments:
Post a Comment