၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ နံနက်
၉ နာရီမှ ၁၀ နာရီခန့်ထိ ပခုက္ကူမြို့နယ်၊ မြစ်ခြေ နယ်မြေရဲစခန်းမှ ဒုရဲအုပ်
တိုးနိုင်အောင် နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင်
ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်သိန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအား
သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း
အသိပညာပေး ဟောပြောခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း
သတင်းရရှိ ပါသည်။
နံနက် ၉ နာရီမှ ၁၀ နာရီခန့်ထိ
ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်ဇင်ထိုက် နှင့်အဖွဲ့သည် ကျွန်းချောင်းကျေးရွာ
အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းမြင့်နှင့်
ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအား မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊
သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး အသိပညာ ပေး ဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း
သတင်းရရှိပါသည်။




0 comments:
Post a Comment