၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ ညနေ
၅ နာရီခွဲခန့်တွင် မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်းမှ ဒုရဲအုပ် အောင်ခန့် နှင့်အဖွဲ့သည်
သက်သေများနှင့်အတူ လောင်းကစား ပြုလုပ် နေကြောင်း သတင်းအရ မြိုင်မြို့နယ်၊ တောရွာကျေးရွာ၊
ဝက်စာတောတိုက်အနီး၌ စောင့်ဆိုင်း နေစဉ် တောရွာဘက်မှ ၀က်စားတောတိုက်ဘက်သို့
မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာနေ မမာမာမြင့်(ခ)မမာမာစန်း၊
၃၂ နှစ် တစ်ဦးတည်း မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ပလပ်စတစ်အိတ်အကြည်အသေး(၁)လုံးဖြင့်
ထည့်ထားသည့် သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ လောင်းကြေးငွေစက္ကူရောရာ
(၂၀၄၁၀၀ိ/-)တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မမာမာမြင့်(ခ)မမာမာစန်း မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်း (ပ)၃၂/၂၀၁၉၊
လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) အရ အရေးယူ ဆောင်ရွက်ထားရှိပါသည်။
Friday, August 16, 2019
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment