Friday, August 16, 2019


၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး နှင့် ရဲအကူတပ်ဖွဲ့ခွဲတို့မှ တပ်ဖွဲ့ဝင်/မိသားစုများ စုပေါင်း၍ ဆုတောင်းပြည့်ဓမ္မာရုံ၌ မကွေးမြို့ ပေါ်ရှိ ပုည၀တီဓမ္မရိပ်သာနှင့် အောင်မြေရတနာဘုန်းတော်ကြီးကျောင်းတို့မှ ပင့်သံဃာ(၅)ပါး ပင့်ဆောင်ကာ (၂၄)ကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော်၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ဦးစီး(ပ)(ဦး/ရေး/ထောက်)၊ ရဲအကူတပ်ဖွဲ့ခွဲမှူး၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၊ မင်းဘူး ခရိုင်ရဲတပ်ဖွဲ့မှူး၊ အမှတ်(၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး၊ မူးယစ်တပ်ဖွဲ့စုမှူး၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲအကူတပ်ဖွဲ့ခွဲတို့မှ တပ်ဖွဲ့ဝင်များ၊ မိသားစုများ တက်ရောက်ခဲ့ပြီး ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ တရားတော်နာယူခြင်း၊ ရေစက်ချအမျှပေးဝေခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video