Wednesday, August 7, 2019

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီခန့်ထိ စလင်းမြို့နယ်၊ တညောင် နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်သိန်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် စလင်းမြို့နယ်၊ ရေပေါ်ကျွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း များ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ နေ့လည် ၁ နာရီမှ ၃ နာရီခန့်တွင်လည်း ဆင်ဖြူကျွန်းနယ်မြေရဲစခန်းမှူး ရဲအုပ် စည်သူဝင်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် စလင်းမြို့နယ်၊ ညောင်အင်းကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/ လမ်း စည်းကမ်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video