၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့
နံနက် ၉ နာရီမှ ၁၀ နာရီခန့်ထိ ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေ ရဲစခန်းမှူး ရဲအုပ်
မြင့်နိုင်လင်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် (ကမ္မ)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီး
ဦးခင်မောင်သိန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား သက်ငယ်မုဒိမ်းမှုလျော့နည်းကျဆင်းရေး၊
မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြော
ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ
ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
နေ့လည် ၁၁ နာရီမှ ၁၂ နာရီခွဲခန့်တွင်လည်း
မြိုင်မြို့နယ်၊ ကိုင်းတောမရဲကင်းစခန်းမှူး ဒုရဲအုပ် သိန်းဇော်
ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ကိုင်းတောမတိုက်နယ်ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာ
မြင့်ထွန်း၊ ကျေးလက်ကျန်းမာရေးဌာနမှ ဦးအောင်ဖေမြင့် တို့နှင့်အတူ ဆယ်ပြာ
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းညို၏နေအိမ်တွင် ကျေးရွာသူ/ကျေးရွာသားများအား သက်ငယ်
မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း
အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညနေ ၄ နာရီမှ ၅ နာရီခန့်တွင်လည်း ရေစကြိုမြို့မရဲစခန်းမှူး
ဒုရဲမှူး ဆန်းဦး ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ် ခင်မောင်ထွန်း၊
အမှတ်(၇)ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးရဲမင်းအောင်၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး
ဦးကြည်မင်းတို့နှင့်အတူ ရေစကြို မြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးဝန်းအတွင်းတွင် ပြည်သူ/ပြည်သားများအား
သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/
လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်း စာစောင်များ
ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment