မကွေး၊ သြဂုတ်လ ၅ ရက်
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့ နေ့လည် ၁ နာရီမှ ၂ နာရီခွဲခန့်ထိ
မင်းဘူးမြို့နယ်၊ စကု နယ်မြေရဲစခန်းမှူး ရဲအုပ် သိန်းဟန်မိုး ဦးဆောင်သောတပ်ဖွဲ့ဝင်များသည်
မင်းဘူးမြို့၊ အမျိုးသမီး ရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်နန်းရွှေနွယ်၊
မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဒုဦးစီးမှူး ဒေါ်စိုးစိုးသန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
သူနာပြု ဆရာမ ဒေါ်သီသီဦး တို့နှင့်အတူ မင်းဘူးမြို့နယ်၊
ကြီးပင်ကန်ကျေးရွာအုပ်စု၊ ကြီးပင်ကန်(၁) ကျေးရွာ၊ သာသနာ့အောင်စည်ကျောင်းဝန်းအတွင်းရှိ
ထိပ်တန်းဓမ္မာရုံတွင် ကြီးပင်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းထွန်းနှင့် ကျေးရွာသူ/ကျေးရွာသားများ၊
အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးတင်ဝေနှင့် ဆရာ/ဆရာမများ၊
ကျောင်းသား/ကျောင်းသူ များအား သက်ငယ်မုဒိမ်းမှု ပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊
ကလေး သူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေးခြင်း၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့နည်းကျဆင်းရေး
နှင့် ရာသီတုတ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment