၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့ နေ့လည် ၃ နာရီခွဲခန့်တွင်
ပခုက္ကူခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှ ဒုရဲအုပ် ကျော်သူထွန်း၊ ပခန်းကြီးနယ်မြေရဲစခန်းမှူး
ရဲအုပ် မျိုးမင်းသိန်းတို့ အဖွဲ့သည် သက်သေများနှင့်အတူ နှစ်လုံးထီလောင်းကစားပြုလုပ်နေကြောင်း
သတင်းအရ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ်(၁၄/၂၀၁၉)ဖြင့် ရေစကြိုမြို့နယ်၊
သဲတောကျေးရွာ နေ မအေးစုနိုင်၊ ၃၀ နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ မအေးစုနိုင်နှင့်
တစ်ရွာတည်းနေ မကေသီဝင်း၊ ၃၀ နှစ်တို့ (၂)ဦးအား လောင်းကစားရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ
တွေ့ရှိရကာ မကေသီဝင်းမှာ ထွက်ပြေးသွားပြီး မအေးစုနိုင်မှ လောင်းကစားပစ္စည်းများအား အခြားတစ်ဖက်ရှိ
ဦးဌေးမောင်၏ နေအိမ်ခြံဝန်းဘက်သို့ လွှင့်ပစ်သဖြင့် ၎င်းအား ခေါ်ဆောင်၍ လွှင့်ပစ်လိုက်သည့်နေရာသို့
သက်သေများနှင့်အတူ သွားရောက်ရှာဖွေရာ နှစ်လုံးထီဂဏန်းနှင့် လောင်းကြေးငွေများ ရေးသားထားသော
စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ ဆင်းကဒ်ပါ SAMSUNG လက်ကိုင်ဖုန်း(၁)လုံးနှင့်
နေအိမ်အိပ်ခန်းအတွင်း အိပ်ယာအောက်မှ လောင်းကြေး ငွေ (၂၀၉၅၀၀ိ/-)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်
မအေးစုနိုင်နှင့် မကေသီဝင်းတို့ (၂)ဦး အား ရေစကြိုမြို့နယ်၊
ပခန်းကြီးနယ်မြေရဲစခန်း (ပ)၁၁၅/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် အရေးယူ
ဆောင်ရွက်ထားရှိပါသည်။
Wednesday, August 14, 2019
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment