Wednesday, August 14, 2019


၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့ ည ၈ နာရီ ၄၀ အချိန်ခန့်တွင် ရေစကြိုမြို့မရဲစခန်းမှ  ဒုရဲအုပ် ရန်နိုင်ထွန်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ပညှင်းကျေးရွာရှိ မြသိန်းတန်ဘုရား ပွဲတော်ခင်းအတွင်း တုတ်/ဓါး/လက်နက်များ ယူဆောင်ခြင်း ရှိ/မရှိ ရှာဖွေစစ်ဆေး ဆောင်ရွက် နေစဉ် ရေစကြိုမြို့နယ်၊ ပညှင်းကျေးရွာနေ ဘိုဘို၊ ၂၃ နှစ်၏ ခါးကြားမှ ၀ှက်ယူလာသော အရိုး အသွား(၁၀)လက်မခန့်ရှိ ဓါးဦးချွန် မောင်းချဓါးမြှောင်(၁)ချောင်းအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ ခဲ့သဖြင့် ဘိုဘိုအား ရေစကြိုမြို့မရဲစခန်း (ပ)၃၃၆/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အရေးယူဆောင်ရွက်ထားရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video