Tuesday, August 13, 2019

မကွေး၊ သြဂုတ်လ ၁၂ ရက်
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ ည ၆ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်း အကူဌာနစိတ်မှ ဒုရဲအုပ် အေးနိုင်နှင့်အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်နေ မဇာခြည်ဦး(ခ)ဇာခြည်၊ ၂၅ နှစ်၏ နေအိမ်အား မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး ဖမ်းဝရမ်းအမှတ်(၁၇/၂၀၁၉)ဖြင့် ၀င်ရောက်ရှာဖွေရာ နေအိမ်တွင် မဇာခြည်ဦး(ခ)ဇာခြည်အား မတွေ့ရှိဘဲ ၎င်း၏ခင်ပွန်းဖြစ်သူ ကျော်မင်းသန့်(ခ)ကျော်ကြီး၊ ၂၃ နှစ် နှင့် ၎င်းနေအိမ်တွင် အလုပ်လုပ်ကိုင်သူ ခိုင်မင်းသန့်(ခ)ခိုင်ကြီး၊ ၂၀ နှစ်တို့(၂)ဦးအား တွေ့ရှိရ၍ ရှာဖွေစဉ် ကျော်မင်းသန့်(ခ)ကျော်ကြီးမှ ဒူးစွပ်တစ်ခုအား နေအိမ်နောက်ဖေး ၀န်းထရံအပြင်ဘက် သို့ လွင့်ပစ်လိုက်သည်ကို မြင်တွေ့သဖြင့် လိုက်လံရှာဖွေရာ ၎င်းဒူးစွပ်အတွင်း အနက်ရောင် ကဒ်ထူဗူးအတွင်း၌ ပလပ်စတစ်အိတ်ဖြင့် ထုတ်ပိုးလျက် စိတ်ကြွဆေးပြားဟု ယူဆရသော ပန်းရောင်ဆေးပြား (၁၅)ပြား၊ (၁.၅)ဂရမ်ပါ (၁)ထုပ်နှင့် ပလပ်စတစ်အိတ်ဖြင့် ထုတ်ပိုးလျက် စိတ်ကြွဆေးပြားဟု ယူဆရသော WY စာတမ်းပါ ပန်းရောင်ဆေးပြား(၂၅)ပြား၊ (၂.၅)ဂရမ်ပါ (၁) ထုပ်တို့အား ရှာဖွေတွေ့ရှိခဲ့ပါသည်။
၎င်းတို့(၂)ဦးအား ဆက်လက်စစ်မေးရာ စိတ်ကြွမူးယစ်ဆေးဝါးများအား နေအိမ်နောက်ဖေးရှိ အိမ်သာကျင်းအနီး မြေကြီးပုံတွင် ၀ှက်ထားကြောင်းလိုက်ပြသဖြင့် တူးကြည့်ရာ ပလပ်စတစ် အဖြူရောင်အိတ်ဖြင့်ထုပ်လျှက် ''ပန်းသခင်"တံဆိပ်ပါ ပလပ်စတစ်အဖြူရောင်ဗူးအတွင်းမှ ''ကမ္ဘာလုံး" တံဆိပ်ပါ အပြာရောင်ကပ်ခွါအိတ်ဖြင့် ထုတ်ပိုးထားသော စိတ်ကြွဆေးပြားဟု ယူဆ ရသော ပန်းရောင်ဆေးပြား(၅)ထုပ်၊ ဆေးပြား(၈၂၆)ပြား၊ (၈၂.၆)ဂရမ်နှင့် ''ကမ္ဘာလုံး"တံဆိပ်ပါ အပြာရောင်ကပ်ခွါအိတ်ဖြင့် ထုပ်ပိုးထားသော စိတ်ကြွဆေးပြားဟု ယူဆရသော WY စာတမ်းပါ ပန်းရောင်ဆေးပြား (၁)ထုပ်၊ ဆေးပြား(၁၄၁)ပြား၊ (၁၄.၁)ဂရမ်၊ (ဆေးပြားစုစုပေါင်း ၁၀၀၇ ပြား၊ ၁၀၀.၇ ဂရမ်)နှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။
မဇာခြည်ဦး(ခ)ဇာခြည် အိပ်သည့် ကုတင်ပေါ်ရှိ အနက်ရောင်ပိုက်ဆံအိတ်အတွင်းမှ ငွေစက္ကူ ရောရာ(၄၉၇၀၀)ကျပ်အားလည်းကောင်း၊ VIVO စာတန်းပါ အပြာရောင်လက်ကိုင်ဖုန်း(၁)လုံး၊ YINXIANG 110 အနက်ရောင်ဆိုင်ကယ်(၁)စီးတို့အားလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ကျော်မင်းသန့်(ခ)ကျော်ကြီးပါ(၃)ဦးတို့အား ပခုက္ကူမြို့မရဲစခန်း မူးယစ်(ပ)၁၀/၂၀၁၉၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/ ၂၁ အရ အရေးယူဆောင်ရွက်ထားရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video