၂၀၁၉
ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီခန့်ထိ ပခုက္ကူမြို့နယ်၊ မြစ်ခြေ
နယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်သူရ ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် မြစ်ခြေကျေးရွာအုပ်စု၊ နန်းတော်ရပ် အခြေခံပညာအထက်တန်းကျောင်းတွင်
ကျောင်းအုပ်ဆရာကြီး ဦးရန်နိုင်အောင်နှင့် ဆရာ/ဆရာမများ၊
ကျောင်းသား/ကျောင်းသူများအား သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်
တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ
ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
နေ့လည် ၂ နာရီမှ ၃ နာရီထိ ပခုက္ကူမြို့နယ်၊
မြစ်ခြေနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်မျိုးမင်း ဦးစီးသောတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့နယ်၊
သရက်တောကျေးရွာအုပ်စု၊ အင်ဝိုင်းကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး
ဒေါ်နွယ်နွယ်ဝင်းနှင့် ဆရာ/ဆရာမများ၊
ကျောင်းသား/ကျောင်းသူများအား သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ်
တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။





0 comments:
Post a Comment