Monday, August 12, 2019

မကွေး၊ သြဂုတ်လ ၁၀ ရက်
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ နံနက် ၁၁ အချိန်ခန့်တွင် မကွေတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်း အကူဌာနစိတ်မှ ရဲအုပ် ဇင်မင်းထွန်း နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချေနေကြောင်း သတင်းအရ မကွေး-ရမည်းသင်းကားလမ်းအတိုင်း ရမည်းသင်းဘက် မှ မကွေးဘက်သို့ မြို့သစ်မြို့နယ်၊ အိုင်မမယ်ဇလီပင်ကျေးရွာနေ မောင်ထွန်း၊ ၅၂ နှစ်၊ မောင်းနှင် လာသော ၂၇ယ/၆၄၃၄၄ ZHINENG အနက်/အ၀ါရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ မောင်ထွန်း လွယ်ထားသော လွယ်အိတ်အတွင်းမှ တိတ်အနက်ရောင်ဖြင့် ပတ်ထားပြီး ကမ္ဘာလုံး တံဆိပ်ပါ အပြာရောင်ကပ်ခွာအိတ်အတွင်းတွင်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြားဟု ထင်ရသော 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁)ထုပ်လျှင်(၁၉၂)ပြားစီပါ (၁၅)ထုပ်၊ ဆေးပြား (၂၈၈၀)ပြားပါ အထုပ်(၁)ထုပ်၊ အလေးချိန် (၂၈၈)ဂရမ်ခန့်၊ DEXPH စာတမ်းပါ အဖုံးအ၀ါပါ အဖြူရောင်ကော်ဗူးအတွင်းထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြားဟု ထင်ရသော 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၃၁)ပြား၊ (၃.၁)ဂရမ်ခန့်၊ စုစုပေါင်း စိတ်ကြွရူးသွပ် ဆေးပြား (၂၉၁၁)ပြား၊ စုစုပေါင်းအလေးချိန် (၂၉၁.၁) ဂရမ်ခန့်၊  ငွေစက္ကူရောရာ (၂၀၆၅၀)ကျပ်၊ ထိပ်တွင် ကြေးပိုက်တပ်လျက် ကောပိုက်(၁)ချောင်း၊ မီးခြစ်(၂)လုံး၊ VIVO အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံး တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မောင်ထွန်းအား နတ်မောက်မြို့မရဲစခန်း မူးယစ် (ပ) ၂/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/ ၂၀(က) အရ  အရေးယူဆောင်ရွက်ထားရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video