Monday, August 12, 2019

မကွေး၊ သြဂုတ်လ ၁၀ ရက်
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ နံနက် ၁ နာရီခန့်တွင် ဆိပ်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ် အောင်သူ နှင့်အဖွဲ့သည် သက်သေများနှင့်အတူ အနော်ရထာတံတားအနီး လှည့်ကင်း/ပိတ်ဆို့ ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်နေ ငွေမင်း၊ ၁၉ နှစ် သည် တစ်ဦးတည်းမောင်းနှင်လာသော နံပါတ်မပါ RARO 110 အဖြူရောင်ဆိုင်ကယ်နှင့် ချောက်မြို့၊ အမှတ်(၆)ရပ်ကွက်နေ ဝေဖြိုး၊ ၂၀ နှစ် မောင်းနှင်၍ ချောက်မြို့၊ အမှတ်(၅)ရပ်ကွက် နေ စောစောဦး၊ ၂၅ နှစ် လိုက်ပါလာသော F/2129 Dayang 110 အနက်ရောင်ဆိုင်ကယ် တို့အား ရပ်တန့်စစ်ဆေးမေးမြန်းခဲ့ရာ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ခိုင်လုံစွာ ပြောဆိုပြသနိုင်ခြင်းမရှိခဲ့သဖြင့် ဝေဖြိုးပါ(၃)ဦးအား ဆိပ်ဖြူမြို့မရဲစခန်း (ပ)၃၆၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ အရ  အရေးယူဆောင်ရွက်ထားရှိပါသည်။
၎င်းတို့အား ရှာဖွေစဉ် ဝေဖြိုး၏ အကျီင်္ဝဲဘက်အိတ်ကပ်အတွင်းမှ အရိုး(၄)လက်မခွဲခန့်၊ အသွား (၂)လက်မခွဲခန့်ရှိ ဓားဦးချွန် စတီးခေါက်ဓား(၁)ချောင်းအား ရှာဖွေတွေ့ရှိခဲ့သဖြင့် ဝေဖြိုးအား ဆိပ်ဖြူမြို့မရဲစခန်း (ပ)၃၆၃/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အရေးယူ ဆောင်ရွက် ထားရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video