၂၀၁၉ ခုနှစ်၊
သြဂုတ်လ ၉ ရက်နေ့ နံနက်
၉ နာရီခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲဇာနည် ခန်းမ၌ ဇူလိုင် ၂၉ ရက်နေ့မှ သြဂုတ်လ
၉ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် အမှုစစ်အရာရှိ (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၁၉)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ
အခမ်းအနားတွင် အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊
ဒုတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ဦးစီး(ပ) (ဦး/ရေး/ထောက်)၊ ရဲမှူး(ဦးစီး)၊
ရဲမှူး(မှုခင်းမှတ်တမ်း)၊ ဒုရဲမှူး(ဦးစီး)၊ ဒုရဲမှူး(ရေး/ထောက်)၊
ရဲအကူ တပ်ဖွဲ့ခွဲမှူး၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၊ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး၊
မင်းဘူးဒုခရိုင်ရဲတပ်ဖွဲ့မှူး၊ ရဲအကူတပ်ဖွဲ့ခွဲမှ အရာရှိများ၊
မှုခင်း တပ်ဖွဲ့စုမှူး၊ သတင်းတပ်ဖွဲ့စုမှူး၊ မူးယစ်တပ်ဖွဲ့စုမှူး၊ လူကုန်တား တပ်ဖွဲ့စုမှူး၊
ယာဉ်ထိန်းတပ်ဖွဲ့စုမှူးတို့နှင့် သင်တန်းသား အရာရှိ(၃၀)ဦးတို့ တက်ရောက်ခဲ့ ကြောင်း
သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး
ခင်ဇော်မှ သင်တန်းဆင်း မိန့်ခွန်း ပြောကြား ခဲ့ပြီး သင်တန်း တွင် ပထမဆုရရှိသော ရဲအုပ်
ချစ်ကောင်းစံ၊ ဒုတိယဆုရရှိသော ဒုရဲအုပ် စောမင်းထွန်း၊ တတိယဆုရရှိသော ဒုရဲအုပ် နိုင်ထွန်းဝင်းတို့အား
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။Friday, August 9, 2019
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment