မကွေး၊
ဇူလိုင်လ ၉ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ ည ၉ နာရီအချိန်တွင်
ရေစကြိုမြို့မရဲစခန်းမှ ဒုရဲအုပ် ရန်နိုင်ထွန်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
ရေစကြိုမြို့၊ အမှတ်(၂) ရပ်ကွက်၊ နယုန်လပွဲတော် ပွဲခင်းတွင် လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ်
ဘုန်းကြီးကျောင်းဝန်း ၀င်ပေါက်တွင် ရေစကြိုမြို့နယ်၊ ရွာသစ်ကျေးရွာနေ နေလင်း၊ ၃၀ နှစ်အား
မသင်္ကာသဖြင့် စစ်ဆေးရာ ၎င်း၏ ခါးကြားအတွင်းမှ အရိုး/အသွား(၈)လက်မခန့်ရှိ ဓါးဦးချွန်ဓါးမြှောင်(၁)ချောင်း
အား တွေ့ရှိသိမ်းဆည်းရမိခဲ့၍ နေလင်းအား
ရေစကြိုမြို့မရဲစခန်း (ပ)၂၉၇/၂၀၁၉၊ လက်နက် ဥပဒေပုဒ်မ ၁၉(င) အရ အရေးယူဆောင်ရွက် ထားရှိပါသည်။Tuesday, July 9, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment