Wednesday, July 10, 2019


မကွေး၊ ဇူလိုင်လ ၁၀ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီခန့်ထိ မင်းဘူးမြို့မရဲစခန်းမှ ဒုရဲမှူး မြင့်ဇော် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့နယ်၊ ထောက်ရှာပင်ကျေးရွာအုပ်စု၊ ရွှေရောင်တော်ကျေးရွာ၊ ထောက်ရှာပင်(ကမ်းနီး)ရေနံမြေရှိ ဓမ္မာရုံတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇင်မောင်မြင့်၊ ရွာခွဲတာဝန်ခံ ဦးစိုးသီဟ တို့နှင့်အတူ ကျေးရွာနေ ပြည်သူများအား သက်ငယ် မုဒိမ်းမှု လျော့နည်းကျဆင်းရေး (Power Point)ဖြင့် ရှင်းလင်းပြသခြင်း၊ ခိုး/ဆိုး/လု/နှိုက် အမှုများ လျော့နည်းကျဆင်းရေး၊ ပြစ်မှု/ပြစ်ဒဏ်များ အကြောင်းနှင့် မှုခင်းလျော့နည်းကျဆင်းရေး အသိ ပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video