Tuesday, July 9, 2019


မကွေး၊ ဇူလိုင်လ ၉ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၂ နာရီခွဲခန့်တွင် ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ် ဝေလင်းဇော် ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ပခုက္ကူ-မြိုင်ကားလမ်းပေါ်၊ အရှေ့ချောက်ကန်ကျေးရွာအနီးတွင် လူတစ်ဦး ဓါးကိုင် ရမ်းကားနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ပခုက္ကူမြို့နယ်၊ မြစ်ဖျား ကျေးရွာနေ ရဲပိုင်၊ ၂၁ နှစ်သည် အရိုး/အသွား(၉)လက်မခန့်ရှိ ကော်ရိုးတပ်ဓါးဦးချွန် (၁)ချောင်း အား ကိုင်ဆောင်လျက် အများပြည်သူ စိုးရိမ်ထိတ်လန့်စေရန် ရမ်းကားနေသည်ကို စစ်ဆေး တွေ့ရှိရ၍ ရဲပိုင်အား ပခုက္ကူမြို့မရဲစခန်း(ပ)၂၈၃၇/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အရေးယူဆောင်ရွက်ထားရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video