မကွေး၊
ဇူလိုင်လ ၉ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင်
ရေစကြိုမြို့ရဲစခန်းမှ ဒုရဲအုပ် ရန်နိုင်ထွန်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ရေစကြိုမြို့နယ်တွင်
နှစ်လုံးထီလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူး၏
လောင်းကစားဝရမ်းအမှတ် (၆/၂၀၁၉) ဖြင့် ရေစကြိုမြို့နယ်၊ ဇီးကျွန်းကျေးရွာနေ မနွယ်နွယ်ဝင်း၊
၄၀ နှစ် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနေအိမ်အောက်ထပ်ဧည့်ခန်းရှိ စားပွဲတွင် မနွယ်နွယ်ဝင်း
နှင့်အတူ ရေစကြိုမြို့နယ်၊ ညောင်တောကျေးရွာနေ စန်းအောင်၊ ၅၃ နှစ် နှင့် တစ်ရွာတည်းနေ
အောင်မြင့်(ခ)အေးကြူ၊ ၆၈ နှစ် တို့(၃)ဦးအား နှစ်လုံးထီလောင်းကစားပြုလုပ် နေသည်ကို
တွေ့ရှိရပြီး လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့်အတူ လောင်းကြေးငွေစက္ကူရောရာ
(၅၈၈၀၀ိ/-) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့၍ မနွယ်နွယ်ဝင်း ပါ (၃)ဦးတို့အား ရေစကြိုမြို့မရဲစခန်း
(ပ)၂၉၆/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) အရ အရေးယူ ဆောင်ရွက် ထားရှိပါသည်။Tuesday, July 9, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment