Monday, July 8, 2019


မကွေး၊ ဇူလိုင်လ ၈ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ငြိမ်း ဦးဆောင်သောအဖွဲ့သည် လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် မကွေးမြို့၊ ရေအား လျှပ်စစ်ဝန်းနေ ဦးရန်ပိုင်စိုး၊ ၄၁ နှစ် မောင်းနှင်ပြီး ဒေါ်ခင်မိုးလှိုင်၊ ၄၅ နှစ် နောက်ထိုင်ပါသော ဆိုင်ကယ်သည် မင်းဘူးဘက်မှ မကွေးဘက်သို့ မောင်းနှင်လာစဉ် မင်းဘူး-မင်းလှ-မကွေး ကားလမ်းဆုံအနီးအရောက်တွင် နောက်မှကပ်လိုက်လာသော ဆိုင်ကယ်တစ်စီးမှ အမည်မသိ (လူမြင်မှတ်မိ) လူငယ်တစ်ဦးသည် ဒေါ်ခင်မိုးလှိုင်၏ လက်ကိုင်ပိုက်ဆံအိတ်အား ဆွဲလုထွက်ပြေး သွားကြောင်း သိရှိရသဖြင့် သက်သေများနှင့်အတူ ပိတ်ဆို့ရှာဖွေဆောင်ရွက်ခဲ့ပါသည်။
ဒုရဲအုပ် ကျော်ငြိမ်းနှင့်အဖွဲ့သည် ဒေါ်ခင်မိုးလှိုင်၊ သက်သေများနှင့်အတူ ပိတ်ဆို့ရှာဖွေ ဆောင်ရွက်နေကြစဉ် နာရီဝက်ခန့်အကြာတွင် ပိုက်ဆံအိတ်လုယူသွားသူ လူငယ်မှာ အခင်းဖြစ် နေရာအနီးသို့ ပြန်လည်ရောက်ရှိလာသည်ကို ဒေါ်ခင်မိုးလှိုင်မှ ပြသသဖြင့် ၀ိုင်းဝန်းဖမ်းဆီးရမိ ခဲ့ပြီး စစ်ဆေးမေးမြန်းရာ မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက်၊ သိမ်ကုန်းရပ်နေ မြင့်နိုင်၊ ၂၃ နှစ် ဖြစ်ကြောင်း သိရှိရ၍ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video